မြန်မာလို ပြောလိုက်ရုံနဲ့
စာဖြစ်သွားမယ်

Key တစ်ချက်ဖိ၊ ပြော၊ လွှတ် — Facebook၊ Messenger၊ Viber၊ Gmail၊ Word ဘယ် app မှာမဆို စာက ချက်ချင်း ဝင်လာပါပြီ။ Windows နဲ့ Mac နှစ်မျိုးလုံး ရပါတယ်။

Install ပြီး ၅ မိနစ် အခမဲ့ စမ်းကြည့်ပါ →

Windows 10/11 · macOS 14+ (Apple Silicon နဲ့ Intel) · Open source

Crash Flow, voice typing for Windows and Mac laptops: a laptop with a recording pill on screen, a Ctrl key, microphone and voice-to-text panels

အသုံးပြုပုံ

သုံးရတာ သုံးဆင့် ပဲ ရှိပါတယ်

စာရိုက်ချင်တဲ့နေရာကို အရင်နှိပ်ထားပါ။ ပြီးရင် —

01

Key ကို ဖိထားပါ

Windows မှာ ညာဘက် Ctrl၊ Mac မှာ ညာဘက် Option။

02

မြန်မာလို ပြောပါ

ပြောနေတုန်းမှာပဲ စာတွေ screen ပေါ်က pill လေးမှာ တန်းပေါ်လာပါမယ်။

03

လွှတ်လိုက်ပါ

စာက cursor ရှိတဲ့နေရာကို ချက်ချင်း ဝင်သွားပါပြီ။ ကူးစရာ၊ ကပ်စရာ မလိုပါ။

ဘာတွေ လုပ်ပေးလဲ

Keyboard နဲ့ ရိုက်စရာ မလိုတော့ဘူး

  • ⚡ ပြောနေတုန်း စာတန်းပေါ်လွှတ်ပြီး ၀.၃ စက္ကန့်လောက်နဲ့ စာဝင်ပါပြီ။
  • 🌐 မြန်မာလိုပြော၊ English စာထွက်ညာဘက် Alt (Mac မှာ Command) ကိုဖိပြီး ပြောရင် English လို ရိုက်ပေးပါတယ်။
  • 🗣 Shortcut နဲ့ စာလုံးပြင်"ငါ့လိပ်စာ" လို့ ပြောရင် လိပ်စာအပြည့် ဝင်။ အမြဲမှားတဲ့ စာလုံးကို အမြဲမှန်အောင် ပြင်ထားလို့ရ။
  • 🔒 ပြောတဲ့စာကို မသိမ်းပါစာက ကိုယ့်စက်ထဲပဲ ရှိပါတယ်။ Code server က မိနစ်ပဲ မှတ်ပါတယ်။
ညာ Ctrlဖိထားပြီး ပြော → မြန်မာစာ ညာ Altဖိထားပြီး ပြော → English စာ Ctrl × ၂၂ ချက်ဆက်နှိပ်ရင် လက်လွှတ်ပြီး အရှည်ပြောလို့ရ

Mac မှာ Ctrl အစား ညာဘက် Option၊ Alt အစား ညာဘက် Command ကို သုံးပါ။ Settings မှာ ပြောင်းလို့ရပါတယ်။

ဈေးနှုန်း

ကိုယ်ပိုင် Key နဲ့ အခမဲ့၊ Code နဲ့ တစ်မိနစ် 99 ကျပ်

အခမဲ့

ကိုယ်ပိုင် Gemini key

aistudio.google.com မှာ key အခမဲ့ ယူပြီး ထည့်ပါ။ တစ်ရက် limit ရှိပြီး မြန်မာပြည်ထဲမှာ VPN လိုပါတယ်။

30 မိနစ်

2,970 Ks

သက်တမ်း ၃၀ ရက်

ဒါယူမယ်
အကြံပြု

1 နာရီ

5,940 Ks

သက်တမ်း ၉၀ ရက်

ဒါယူမယ်

3 နာရီ

17,820 Ks

သက်တမ်း ၁ နှစ် · အတန်ဆုံး

ဒါယူမယ်

လိုသလောက် မိနစ် ဝယ်လို့ရပါတယ်။ KBZPay / WavePay နဲ့ ပေးပြီး screenshot ထည့်ရင် Code ကို ချက်ချင်း ရပါတယ်။

မဝယ်ခင် ၅ မိနစ် အခမဲ့ စမ်းပါApp ရဲ့ Setup မှာ 🎁 အခမဲ့ ၅ မိနစ် စမ်းမယ် ကို နှိပ်ရုံပါပဲ။ စက်တစ်လုံးကို တစ်ခါ ရပါတယ်။
App ယူမယ်

စသုံးနည်း

၅ မိနစ်အတွင်း စသုံးလို့ရ

  1. App ကို Download လုပ်ပြီး Install လုပ်ပါ Windows · Mac (M1–M4) · Mac (Intel)
    သတိပေးစာ ပေါ်ရင် စိတ်မပူပါနဲ့၊ ဘာမှ မဖြစ်ပါဘူး။ Windows မှာ More info → Run anyway နှိပ်ပါ။
    Mac မှာ "Not Opened" ပေါ်ရင် ဖွင့်နည်း
    1. Zip ကိုဖွင့်ပြီး CrashFlow ကို Applications folder ထဲ ဆွဲထည့်ပါ
    2. "Apple could not verify…" ပေါ်ရင် Move to Trash မနှိပ်ဘဲ Done နှိပ်ပါ
    3. Apple မီနူး → System Settings → Privacy & Security → အောက်နားက Open Anyway နှိပ်ပြီး password ထည့်ပါ
    4. App ပွင့်ရင် Privacy & Security → Accessibility မှာ CrashFlow ကို ဖွင့်ပြီး app ကို ပြန်ဖွင့်ပါ။ Mic ကို Allow ပေးပါ
    တစ်ခါပဲ လုပ်ရပါတယ်။ (ဘာလို့ ပေါ်တာလဲ)
  2. 🎁 အခမဲ့ စမ်း၊ ဒါမှမဟုတ် Code ထည့်ပါSetup မှာ 🎁 အခမဲ့ ၅ မိနစ် စမ်းမယ် ကို နှိပ်ပါ။ Code ဝယ်ထားရင် (ဒါမှမဟုတ် ကိုယ်ပိုင် key ရှိရင်) အကွက်ထဲ Paste လုပ်ပြီး စစ်ဆေးမယ် နှိပ်ပါ။
  3. ညာ Ctrl ကို ဖိပြီး ပြောပါ"မင်္ဂလာပါ" လို့ ပြောကြည့်ပါ။ စာပေါ်လာရင် အဆင်သင့်ပါပြီ။ လက်ကျန် မိနစ်ကို tray icon မှာ ကြည့်ပြီး 💳 နဲ့ ဖြည့်လို့ရပါတယ်။

မေးလေ့ရှိတာတွေ

သိချင်တာ ရှိသေးလား

မဝယ်ခင် အခမဲ့ စမ်းလို့ရလား

ရပါတယ်။ App ကို install လုပ်ပြီး Setup wizard (ဒါမှမဟုတ် tray menu) က 🎁 အခမဲ့ ၅ မိနစ် စမ်းမယ် ကို နှိပ်ရုံပါပဲ — ၅ မိနစ် (message ၃၀ လောက်) ပါတဲ့ Code က အလိုလို ဝင်လာပါမယ်။ စက်တစ်လုံးကို တစ်ခါ ရပါတယ်။ ကြိုက်ရင် အဲဒီ Code ကိုပဲ ငွေဖြည့်ပြီး ဆက်သုံးလို့ရပါတယ်။

ငွေလွှဲပြီး Code ကို ဘယ်လောက်ကြာမှ ရလဲ

ချက်ချင်းပါပဲ။ ငွေလွှဲပြီး screenshot ထည့်လိုက်ရင် AI က စက္ကန့်ပိုင်းအတွင်း စစ်ပြီး Code ကို page မှာ ပြပါတယ်။ ဘယ်သူ့ကိုမှ စာပို့စရာ မလိုပါ။ Screenshot မရှင်းရင် (ဥပမာ Transaction ID မပါရင်) လူကိုယ်တိုင် စစ်ပြီးမှ ပေးတာမို့ နည်းနည်း ကြာနိုင်ပါတယ်။

Code နဲ့ဆိုရင် VPN တကယ် မလိုတာလား

မလိုပါဘူး။ Code နဲ့ဆိုရင် app က Crash Flow server ကို ပို့ပြီး server က Google ကို ဆက်ပေးလို့ မြန်မာပြည်ထဲကနေ VPN မဖွင့်ဘဲ သုံးလို့ရပါတယ်။ ကိုယ်ပိုင် key နဲ့ သုံးမှသာ VPN လိုပါတယ်။

မိနစ်ကို ဘယ်လို တွက်လဲ

ပြောတဲ့ အသံ အရှည်အတိုင်း စက္ကန့်အထိ တိတိကျကျ တွက်ပါတယ်။ ၁၀ စက္ကန့် ပြောရင် ၁၀ စက္ကန့်ပဲ လျော့ပါတယ်။ AI စာပြင် ဒါမှမဟုတ် English ဘာသာပြန် ဖွင့်ထားရင် တစ်ကြိမ်ကို ၅ စက္ကန့် ထပ်တွက်ပါတယ်။

Code သက်တမ်း ဘယ်လောက်လဲ

များများဝယ်လေ ကြာကြာ သုံးလို့ရလေပါ — ၆၀ မိနစ်အောက် ၃၀ ရက်၊ ၁ နာရီကနေ ၃ နာရီအောက် ၉၀ ရက်၊ ၃ နာရီနဲ့ အထက် ၁ နှစ်။ ငွေဖြည့်တိုင်း သက်တမ်း ပြန်စပြီး ကျန်နေတဲ့ မိနစ်တွေ အားလုံး ဆက်သုံးလို့ရပါတယ်။ သက်တမ်းကုန်သွားရင်လည်း Code အဟောင်းကိုပဲ ဖြည့်လိုက်ရင် ကျန်ခဲ့တဲ့ မိနစ်တွေ ပြန်ရပါတယ်။ အခမဲ့ စမ်း Code က ၇ ရက်ပါ။

Code တစ်ခုကို စက်ဘယ်နှလုံးမှာ သုံးလို့ရလဲ

ကိုယ့်စက်တွေ (ဥပမာ Desktop နဲ့ Laptop) မှာ Code တစ်ခုတည်း ထည့်သုံးလို့ရပါတယ်။ မိနစ်ကတော့ အတူတူ လျော့ပါမယ်။ Code ကို တခြားသူကို မပေးပါနဲ့ — သူတို့ သုံးရင် ကိုယ့်မိနစ် ကုန်ပါမယ်။

ပြောတဲ့စာတွေကို သိမ်းထားလား

မသိမ်းပါဘူး။ အသံကို Google ဆီ စာပြောင်းဖို့ ပို့ပြီး ထွက်လာတဲ့စာကို ကိုယ့်စက်ကိုပဲ ပြန်ပို့ပါတယ်။ Server က ဘယ်နှစက္ကန့် သုံးလဲ ဆိုတာပဲ မှတ်ပါတယ်။ Code အားလုံး GitHub မှာ ပွင့်လင်းလို့ ကိုယ်တိုင် စစ်ကြည့်လို့ရပါတယ်။

မိနစ်ကုန်သွားရင် ဘာဖြစ်မလဲ

App က "မိနစ် ကုန်သွားပါပြီ - ငွေဖြည့်ပါ" လို့ ပြပါမယ်။ App ထဲက 💳 မိနစ် ဝယ်မယ် ဒါမှမဟုတ် ဒီ website ကနေ ငွေဖြည့်ရင် Code အဟောင်းကိုပဲ ချက်ချင်း ဆက်သုံးလို့ရပါတယ်။ ဘာမှ ပြန်ထည့်စရာ မလိုပါ။

Burmese စာ ဘယ်လောက် မှန်လဲ

ပုံမှန်ပြောတဲ့ စကားကို အတော်လေး မှန်ပါတယ်။ နာမည်လို အမြဲမှားတဲ့ စာလုံးတွေကို "စကားလုံးနဲ့ Shortcut" မှာ တစ်ခါ ပြင်ထားရင် နောက်ပိုင်း အမြဲမှန်ပါမယ်။ Code မဝယ်ခင် အခမဲ့ ၅ မိနစ် Code နဲ့ (ဒါမှမဟုတ် ကိုယ်ပိုင် key နဲ့) စမ်းကြည့်လို့ ရပါတယ်။

ဘယ်စက်တွေမှာ သုံးလို့ရလဲ

Windows 10/11 နဲ့ macOS 14 (Sonoma) နောက်ပိုင်း Mac တွေပါ — Apple Silicon (M1–M4) ရော Intel Mac ရော ရပါတယ်။ ဖုန်းမှာတော့ မရသေးပါ။

Install လုပ်တုန်း သတိပေးစာ ပေါ်တာ အန္တရာယ်ရှိလား

မရှိပါဘူး၊ သတိပေးချက်ပဲပါ။ Mac မှာ "Apple could not verify…"၊ Windows မှာ "Windows protected your PC" ဆိုတဲ့ စာက Apple နဲ့ Microsoft ကို ပိုက်ဆံပေးပြီး လက်မှတ် မထိုးထားတဲ့ app တိုင်းမှာ ပေါ်တာပါ။ App ထဲမှာ virus တွေ့လို့ ပြတာ မဟုတ်ပါဘူး။ Crash Flow ရဲ့ code အားလုံးကို GitHub မှာ ဘယ်သူမဆို ကြည့်လို့ရပြီး Windows နဲ့ Mac app တွေကိုလည်း အဲဒီ code ကနေ GitHub ပေါ်မှာ တိုက်ရိုက် build လုပ်ထားတာပါ။ Mac မှာ Done → Open Anyway၊ Windows မှာ More info → Run anyway ကို နှိပ်ရုံပါပဲ။ တစ်ခါပဲ လုပ်ရပါတယ်။

Code ဝယ်ပြီး ချက်ချင်း သုံးပါ

မိနစ် ရွေး → KBZPay / WavePay နဲ့ ပေး → screenshot ထည့်ရင် Code ရပါပြီ။ ၂၄ နာရီ ဝယ်လို့ရပါတယ်။

Code ဝယ်မယ် →

မေးချင်တာ ရှိရင် 09 424 469 168 (ဖုန်း / Viber) · thecrashoai@gmail.com